Words of Love
Wednesday, 25 January 2012
A Burmese University Lecture in 1957
It is wonderful to see how many girls attended university in those days... :)
How a Coward ruined a life
ကျွန်မနာမည် အေးအေး ပါ။
အသက် ၂၅ နှစ်၊ နိုင်ငံတကာကုမ္ဗဏီကြီးတစ်ခုမှာ စက်မှုကျွမ်းကျင်ဝန်ထမ်း အဖြစ်ကနေ အချိန်တိုအတွင်းမှာ အင်ဂျင်နီယာဖြစ်လာသူ ဖြစ်ပါတယ်။ လခကောင်း၊ တက်လမ်းရှိ၊ ပညာတတ်၊ အပြင်ကကြည့်ရင်တော့ အောင်မြင်နေတဲ့သူပေါ့လေ...။ ဒါပေမယ့် ကျွန်မမှာ လုပ်ဖော်ကိုင်ဖက်ကလွဲလို့ သူငယ်ချင်းရယ်လို့ မည်မည်ရရ မရှိတာ၊ လူတွေအများကြီး ကြားမှာနေရက်နဲ့ အထီးကျန်နေတာ၊ ဘယ်အလုပ် လုပ်လုပ် စိတ်တိုင်းမကျတာ၊ ကိုယ့်ကို သူများတွေ ဘယ်လိုထင်လိမ့်မလဲ ဆိုတာ တစ်ချိန်လုံး ပူပန်နေတာ၊ အိပ်ယာဝင်တိုင်း ငိုနေရတာ၊ တစ်ခါတလေ အသက်ရှင်ချင်စိတ် မရှိတော့တာ.. ဒါတွေကို ဘယ်သူသိမှာလဲ...။
။...။....။.....။
၂၀၀၅ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်။
အေးအေး၏ မှန်တင်ခုံပေါ်တွင် မိတ်ကပ်ဘရပ်ရှ်များ ပြန့်ကျဲနေသည်။ အိပ်ယာပေါ်တွင်တော့ ၀တ်ကြည့်ပြီး စိတ်တိုင်းမကျတိုင်း ပစ်ထားသည့် အ၀တ်များက အပုံလိုက်၊ အဲကွန်းဖွင့်ထားရက်နှင့် ချွေးပြန်နေသော အေးအေးကတော့ စောစောက ဂရုတစ်စိုက် လိမ်းခြယ်ထားသော မိတ်ကပ်များ ကွက်ကုန်မှာ စိုးရိမ်ရင်း သူအကြိုက် ဟင်းများကိုမှ တစ်ပတ်လုံး ဆက်တိုက်ချက်ကျွေးသော အမေ့ကို စိတ်ဆိုးရကောင်းနိုး၊ ကြိုက်တိုင်း မဆာလဲစား၊ ဆာလဲစားမိသော မိမိကိုယ်ကိုပဲ ကိုင်ပေါက်ရကောင်းနိုးနှင့် ဒေါသထွက်နေမိသည်။ အခုပဲကြည့်လေ ဘာဝတ်ဝတ် အဆင်မပြေတော့၊ ကျပ်တဲ့နေရာကျပ်၊ အတစ်အရစ် ထွက်တဲ့နေရာထွက် ဖြစ်ကုန်ပြီမဟုတ်လား။ အခုတလော ချစ်သူကလည်း သူ့အပေါ် အေးတိအေးစက် ဆက်ဆံလွန်းလှသည်။ ဒီနေ့တော့ ချစ်သူများနေ့မို့ ဟိုအရင် ချစ်ကြည်နူးကာစကလို ဂရုစိုက်မှုလေးများ ပြန်ရနိုး အလှဆုံး ပြင်သွားမည်ဆိုပါမှ ဘာဝတ်ရမှန်း မသိတော့၊ ခက်ရချည့်။ ကဲ မြန်မြန်လုပ်မှ တော်ကြာ အမေ၀င်လာလို့ ဒီလောက်ဂရုစိုက် ပြင်ဆင်ဝတ်စားနေတာ မြင်သွားရင် ရည်းစားခိုးထားတာ ရိပ်မိတော့မယ်။
”ကို ဒီနေ့ သိပ်ချောတာပဲ။”
“အင်း”
“ကို.. အေးလက်မှတ်ဝယ်ပြီးပြီ၊ ဗိုက်ဆာပြီလား။ ရုပ်ရှင်က ဆယ့်ငါးမိနစ်လောက် လိုပါသေးတယ်။ အဆာပြေတစ်ခုခု စားထားလို့ ရသေးတာပဲ။ ကိုကလည်း ခြောက်နာရီပါဆို အခုမှရောက်လာတာကိုး။ နို့မို့ရင် အေးအေးဆေးဆေး စားသောက်၊ လမ်းလျောက်ပြီမှ ရုပ်ရှင်ကြည့်ဖို့ဟာ...။ ကို... ပြောနေတာ ကြားရဲ့လားလို့”
“အင်း... ကြားပါတယ်”
အေးအေး ဘာမှဆက်မပြောနိုင်တော့။ ချစ်သူရဲ့ မျက်လုံးများက လက်ကိုင်ဖုန်းမှ မခွာတမ်း။ တစ်နာရီကျော်ကြာအောင် စောင့်ထားရသဖြင့် ညောင်းကိုက်နေသော ခြေချောင်းများအား အနားပေးရန် ရုပ်ရှင်ရုံဖက်သို့သာ ထွက်လာခဲ့တော့သည်။
...။...။...။
“အေး... ၀ိတ်လေးပါလေး ချပါဦးကွာ.. လေ့ကျင့်ခန်း မလုပ်ချင်ရင်လည်း အစားရှောင်ပေါ့”
“အေး... အဲဒါတွေ မစားနဲ့လေ။ ၀က်ခြံပေါက်လိမ့်မယ်။ နဂိုကမှ အသားအရည်က အဆင်မပြေရတဲ့အထဲ။”
”အေး... ဘာတွေဝတ်ထားတာလဲကွာ... ဒါမျိုးက ပိန်တဲ့သူနဲ့မှ လိုက်တာကို...”
”အေးက ဗိုက်ပူတယ်နော်... ဒီမှာ ကိုယ့်ဗိုက်ကိုကြည့်.. ချပ်ရပ်နေတာပဲ တွေ့လား..”
...။....။...။
“ကို ဘာလို့ အေးမက်ဆေ့ခ်ျတွေကို မပြန်တာလဲ“
”မက်ဆေ့ခ်ျပို့တိုင်း ပြန်နေရမှာလားကွ”
”ကို အရင်ကဆိုရင် အေးနဲ့ နေ့တိုင်း မက်ဆေ့ခ်ျပို့တယ်... ခုတော့ တစ်ပတ်လုံးနေလို့ တစ်ခါမပို့ဘူး။ အေးကသာ စမပြောရင် ကိုနဲ့အေး တစ်ပတ်လုံး စကားတောင်ပြောဖြစ်မှာ မဟုတ်ဘူး...”
“ဘာတွေပြောရမှာလဲ.. ဘာပြောစရာတွေရှိလို့လဲ... အရည်မရ အဖတ်မရ...”
...။....။...။
“ဟဲ့ အေးအေး... နင်ငိုနေတာလား။ ဘာဖြစ်လို့လဲ..”
“သူ့မှာ တခြားရည်းစားတစ်ယောက်ရှိနေပြီ ခင်မျိုးရဲ့...”
“ဘယ်သူလဲ နင့်ရည်းစားလား...”
“အင်းပေါ့ ဘယ်သူရှိရမလဲ... ငါု့ကိုသူ အေးတိအေးစက် ဖြစ်နေတာ ကြာတော့ကြာပါပြီ... အခုမှ သိရတယ်”
“ဟင် နင်ကအခုမှသိသလား... တစ်ကျောင်းလုံးသိနေတာ ကြာပေါ့။ မနှစ်က ခရစ်စမတ်ကတည်းက စဖြစ်ကြတာတဲ့...”
“ဟုတ်လား ခင်မျိုး... နင်ငါ့ကို ဘာလို့ စောစောက မပြောတာလဲ”
“နင်နဲ့က အဲဒီလောက်မှ မခင်တာကို... ကိုယ်ရေးကိုယ်တာကိစ္စဆိုတော့... သိပ်စိတ်ထဲ မထားပါနဲ့ဟာ.. သူကဖောက်ပြန်တာပဲ”
...။....။....။
၂၀၀၅ခုနှစ် ဇူလိုင်လ ၂၁ရက်။
အေးရဲ့ မက်ဆေ့ခ်ျတွေ သူမပြန်တော့တာ နှစ်ပတ်ပြည့်သွားပြီ။ ဖုန်းဆက်တာလည်း မကိုင်တော့ဘူး။ သူ့ ဖေ့စ်ဘွတ်မှာတောင် ချစ်သူအသစ်နဲ့ တွဲရိုက်ထားတဲ့ပုံတွေ အများကြီးတင်ထားလိုက်ပြီပဲ။ အေးနဲ့ တွဲနေတဲ့ တစ်နှစ်ခွဲကာလအတွင်း နှစ်ယောက်တွဲရိုက်ထားတဲ့ပုံဆိုလို့ ရှားရှားပါးပါး အေးကိုယ်တိုင်အတင်းရိုက်ယူထားတဲ့ တစ်ပုံနှစ်ပုံပဲရှိသည်။ အေးက ဓာတ်ပုံမစားဘူးဟု ပြောသဖြင့် ဖေ့စ်ဘွတ်မှာလည်း မတင်ခဲ့ရ။
to be continued...
Sunday, 22 January 2012
10 Years Plan To Achieve My Dream
1 year-- January 2012 to January 2013 : Research - which subject would I love most? Save - at least S$5000.
1.5 years --February 2013 to July 2013: Save - at least S$5000. Enroll to the school that offers the course that I'd study (Part-time course)
2 years ---July 2013 - January 2014: Study part-time. Study to excel.. open a pathway for myself to transfer to full-time course with full scholarship.
3 years -- February 2014 - February 2015: Study to excel. Take as much as I can from the course. Start making connections in the Job market so as to get a job soon as I graduate. Volunteer.
3.5 years -- February 2015 - July 2016: Study to excel.
4.5 years -- July 2016 - July 2017 : Honors program (If applicable) or Work to excel.
5 years -- July 2017 - January 2018: Save - at least S$5000.
5.5 years -- February 2018 - July 2018: Save - at least S$5000. Enroll for Masters Degree.
7.5 years -- July 2018 - July 2021 : Study Masters Degree (Evening course - still have to work)
8 years -- July 2021 - January 2022: Apply job at a Uni as a tutor/lecturer.
I'm on the right path to become a professor now..
Important things to remember :
1. Make sure the subject I study is the subject I love most. (Because I'll have to be the best at it, otherwise how could I become a professor of it?)
2. If anything happen which will thwart me from this plan, remember to look at the goal. Don't loose hope at any point of time because anything is possible.
3. Always remember my actual dream of this life : I want to be at the place of influence where I can shape the minds of future leaders, where I can show them how to think critically, where I can make a difference - where I can change the world.
4. Remember. I don't necessarily need to be a professor to achieve that although being a professor is the easiest way to shape the minds of future leaders while they're young.

Friday, 13 January 2012
ကဲ ကောင်းကြသေးရဲ့လား
သွားရင်းလာရင်း တွေ့လို့ ပြန်ဖြန့်ဝေလိုက်ပါတယ်။
http://kyawkyawthet.blogspot.com/2012/01/blog-post_13.html

Friday, 6 January 2012
Can reason and circumstances justify the violence against women?
Shocking video: Thugs take turns to savagely beat up women
မလေးရှားနိုင်ငံမှာ မြန်မာအမျိုးသမီးနှစ်ဦးကို မြန်မာအမျိုးသားအချို့ က မညှာမတာ ၀ိုင်းဝန်းရိုက်နှက်နေတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတစ်ခု Facebook မှာ ပြန့်နေပါတယ်။
ဗီဒီယိုထဲမှာ စကားသံတွေက လုံးနေလို့ သဲသဲကွဲကွဲ နားမလည်ပေမယ့် အကြမ်းဖျင်း သိရသလောက်ကတော့ အဲဒီ အမျိုးသမီးနှစ်ဦးက လူမျိုးခြား (ဘင်္ဂလား ကုလား၊ နီပေါလူမျိုး) တွေနဲ့ ပတ်သက်နေကြပြီး အဲဒီလူတွေဆီက ဟန်းဖုန်း စတဲ့ လက်ဆောင်တွေကို လက်ခံရယူကြပါတယ်။ အဲဒီအတွက် ဒီအမျိုးသားတွေက (သူတို့ ပြောပုံအရ) သူတို့ရဲ့ ညီမတွေလို သဘောထားပြီး ရိုက်နှက်ဆုံးမကြတာပါ။ အဲဒီအထဲမှာ ခပ်ငယ်ငယ် ပိန်ပိန်ပါးပါး (အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီနဲ့) တစ်ယောက်က အားရပါးရ ဆွမ်းကြီး ၀င်လောင်းတာကိုလည်း တွေ့ရပါတယ်။
စင်ကာပူ အတင်း၊သတင်း ဆိုဒ်ဖြစ်တဲ့ Stomp မှာ ဒီဗီဒီယိုနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး ဖော်ပြဆွေးနွေး ထားကြပါတယ်။ စင်ကာပူလူမျိုးတွေက အဖြစ်အပျက်ကို နားမလည်ပေမယ့် မိန်းကလေးတွေကို မညှာမတာ ရိုက်နှက်နေတာကို တွေ့တာနဲ့ပဲ အဲဒီအမျိုးသားတွေဟာ မကောင်းတဲ့သူတွေပဲ ဖြစ်ရမယ်လို့ ချက်ချင်း ကောက်ချက်ချကြတာကို တွေ့ရပါတယ်။ ကိုယ်ထိလက်ရောက် ရုန့်ရုန့်ရင်းရင်း ပြုမူဆက်ဆံတာကို ရွံရှာတဲ့ သဘောထားတွေကို ဖော်ပြထားကြပါတယ်။ဒီထဲမှာ မြန်မာလူမျိုးအချို့ကလည်း အဲဒီ အမျိုးသားတွေဖက်က ကာကွယ်ပြောဆိုထားကြပါတယ်။ (အပေါ်က လင့်ခ်ကိုနှိပ်ပြီး Stomp ဗီဒီယိုကို ကြည့်ပါ။ အဲဒီက Comment တွေကို ဖတ်ကြည့်ရင် မတူတဲ့ အမြင်တွေကို တွေ့ရပါလိမ့်မယ်)
လူမျိုးခြားတွေရဲ့ အမြင်က -
၁။ မိန်းကလေးက ပျက်စီးသည်ဖြစ်စေ ဆိုးသွမ်းသည်ဖြစ်စေ၊ ဒီလို ကိုယ်ထိလက်ရောက် အကြမ်းဖက် ခြင်းဟာ လုံးဝမသင့်တော်ပါ။ ဆုံးမရာလည်း မရောက်ပါ။
၂။ ဗီဒီယိုထဲက အမျိုးသားတွေဟာ မိန်းကလေးတွေကို ကောင်းစေချင်တဲ့ စေတနာထက်၊ အာဏာပြချင်တဲ့စိတ်နဲ့ ရိုက်နှက်ခြင်း ဖြစ်ပါတယ်။
၃။ မိန်းကလေးတွေက ဘာတွေလုပ်ခဲ့လို့ ဒီလိုအရိုက်ခံရတယ်ဆိုတာကို သိသွားတဲ့ အခါမှာတောင်မှ အဲဒီမိန်းကလေးတွေကို အပြစ်ပြောမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ သူတို့လူမျိုး မဟုတ်လို့လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကိုယ်ပိုင်အမြင်ကို ပြောရရင်တော့..
ကိုယ့်နှမအရင်းတွေ၊ တူမကလေးတွေ ဒီလိုဖြစ်နေတယ်ဆိုရင် ဒေါသနဲ့ ရိုက်မိမှာပါဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဘာမှမတော်တဲ့ မိန်းကလေးတွေကို လုံးဝမထိသင့်ပါဘူး။ မြန်မာ့လူနေမှု အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်နဲ့ ဝေးနေတဲ့အတွက် နီးစပ်ရာ ယောကျာ်းတွေက ကိုယ့်လူမျိုးအချင်းချင်းမို့ စေတနာနဲ့ ဆုံးမတယ်ဆိုရင် ကောင်းကောင်းမွန်မွန် ပြောဆိုဆုံးမသင့်ပါတယ်။ မိန်းကလေးတွေက ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်လာမယ်ဆိုရင်တောင် လူကြီးဆန်ဆန် အကျိုးသင့်အကြောင်းသင့် ဆုံးမသင့်ပါတယ်။ အခုဟာက မိန်းကလေးတွေက ဆဲတာဆိုတာတောင် မရှိပါဘူး။ ဒီလို ရိုက်နှက်တာကတော့ အာဏာပြချင်စိတ် ပိုများတယ်လို့ မြင်ပါတယ်။ ဒီထဲမှာ ဆွမ်းကြီးဝင်လောင်းတဲ့ ပိန်ပိန်နဲ့ လူငယ်ကိုတော့ လုံးဝအထင်သေးပါတယ်။
မြန်မာ့ယဉ်ကျေးမှုမှာ ပတ်ဝန်းကျင်ရဲ့ အခန်းကဏ္တက တော်တော် အရေးပါပါတယ်။ ဆိုးသွမ်းတာ၊ အမြင်မတော်တာတွေကို ပတ်ဝန်းကျင်က ၀ိုင်းပြီး ဆုံးမပဲ့ပြင်ပေးကြတဲ့ အကျင့်ရှိပါတယ်။ ဒါကောင်းတဲ့ အချက်ပါ။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မရှိတဲ့ နေရာမှာ အထူးသဖြင့် လူငယ်တွေ အလွန်ပျက်စီးလွယ်တတ်ပါတယ်။ လူတွေ တကိုယ်ကောင်း ပိုဆန်တတ်ပါတယ်။ အထီးကျန် ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အားနည်းချက်တစ်ခုကတော့ ငါမကြိုက်ရင် မှားတယ်၊ ငါနဲ့ မတူ လူမဟုတ် ဆိုတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့ လိုရင်းကနေ ချော်သွားမှာစိုးလို့ ဆက်မပြောတော့ပါဘူး။
ဒီပို့စ်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်တတ်တဲ့ လူတွေအပေါ် ကိုယ်ပိုင်အမြင်ကို ပို့စ်တစ်ခုသပ်သပ်ရေးပါဦးမယ်။
ဒါပေမယ့် ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စာဖတ်သူတွေရဲ့ ကိုယ်ပိုင် အမြင်တွေကို သိချင်တာပါပဲ။ Can reason and circumstances justify the violence against women? ကျယ်ကျယ်ပြန့်ပြန့် ၀ိုင်းဝန်းဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။
**** ****

Subscribe to:
Posts (Atom)